System 286 (On Going) Arc 2.7(ယူခ်င္း)

All chapters are in System 286 (On Going)
A+ A-

Zawgyi

နယ္စပ္တြင္ဓားျပမ်ားေသာင္းၾကမ္းမႈအေၾကာင္း ညီလာခံတြင္အမတ္မ်ားအက်ိတ္အႏွယ္ေဆြးေႏြးေနၾကသည္။ ေဆြးေႏြးသည္ဆိုတာထက္ ဟိုလူ႔ပို႔သင့္သည္ ဒီလူ႔ပို႔သင့္သည္ဟုဆိုကာျငင္းခံုေနၾကၿပီး သူတို႔ကိုယ္တိုင္ေတာ့ သြားမႏွိမ္နင္းရဲၾက။ ေနာက္ဆံုးတြင္ ျမႇားဦးကစစ္သူႀကီးသို႔လွည့္သြားကာ အားလံုးက စစ္သူႀကီးႏွင့္သာသင့္ေတာ္ေၾကာင္းအဆိုျပဳၾကသျဖင့္ ဘုရင္က ဓားျပမ်ားကိုႏွိမ္နင္းရန္ ဝူက်န္႔အားတာဝန္ေပးလိုက္သည္…

ေနာက္ေန႔မနက္တြင္ စစ္သူႀကီးဝူက်န္႔သည္ သူ၏တပ္ဖြဲ႔အားဦးေဆာင္ကာ နယ္စပ္သို႔ခ်ီတက္ခဲ့ေလေတာ့သည္။

“စစ္သူႀကီး ေ႐ွ႕မွာျမင္ေနရတဲ့ေတာအုပ္မွာဓားျပေတြစခန္းခ်တယ္လို႔သတင္းရပါတယ္”

“ေကာင္းပီ ဒါဆိုငါတို႔ ဒီေတာစပ္မွာစခန္းခ်ဖို႔ေနရာ႐ွာၾကမယ္ သိသာတဲ့ေနရာမျဖစ္ေစနဲ႔  “

“ဟုတ္ကဲ့ စစ္သူႀကီး” အားလံုးကသံၿပိဳင္ေျဖလိုက္သည္ (အသာေအာ္ နင့္အေဖေတြၾကားသြားအံုးမယ္)

“ဒါဆိုဒီမွာခဏနားမယ္ ယူခ်င္း မင္းကတပ္သားတစ္ခ်ိဳ႕ေခၚပီးေနရာသြား႐ွာလိုက္ “

“ဟုတ္ကဲ့ စစ္သူႀကီး “
‘ခိုင္းျပန္ပီငါ့ပဲ ေတာထဲေရာက္ရင္အခိုင္းခံရတဲ့ဝဋ္ကမကြၽတ္ဘူး’

System: “ဒါအားကိုးတယ္လို႔ေခၚတယ္”

“ေနရာ႐ွာေပးအံုး”

System :”ကိုယ့္ဟာကိုယ္႐ွာပါ့လား “

“ကယ္ရီေလးက မ်က္စိသူငယ္နားသူငယ္နဲ႔ေတာႀကီးထဲမွာေရာက္ေနတာေလ အားကိုးစရာဆိုလို႔ System ေလးပဲ႐ွိတာကို ” ကယ္ရီမ်က္ႏွာငယ္ေလးနဲ႔ေျပာလိုက္ေတာ့ System ကဂုဏ္ယူပီတိျဖာေနတဲ့အသံျဖင့္

System: ” ဒီကေနတန္းတန္းသြားလိုက္ ၿပီးရင္ညာကိုေကြ႔ ေရတံခြန္ႀကီးေတြ႔လိမ့္မယ္ အဲ့ေနာက္မွာဂူအႀကီးႀကီး႐ွိတယ္ ဂူလမ္းေၾကာင္းတိုင္းတက္သြားရင္ေတာင္ေပၚထိေရာက္တယ္”

“အဲ့တာေၾကာင့္ အားကိုးေနရတာ
ေတာ္လိုက္တာ Systemက “

ကယ္ရီ System ၫႊန္ျပေသာေရတံခြန္သို႔ေရာက္သြားေသာအခါ
‘လွလိုက္တာ ငါ႔ဘဝမွာဒီလိုရႈခင္းမ်ိဳးတစ္ခါမွၾကည့္ဖို႔အခြင့္ေရးမရခဲ့ဘူး’

“ကိုယ္ရံေတာ္ယူ ဒီေရတံခြန္နားမွာ စခန္းခ်လို႔သင့္ေတာ္ပါ့မလား”

“မင္းသြားပီး ေရတံခြန္ေနာက္မွာ ဂူ႐ွိမ႐ွိစစ္လိုက္ မ႐ွိရင္ေတာ့ငါတို႔တျခားေနရာဆက္႐ွာၾကတာေပါ့”

“ဟုတ္ကဲ့”

System: “ဘာလဲ ကြၽန္ေတာ္ေျပာတာကိုမယံုသကၤာနဲ႔စစ္ခ်င္တာလား ေရတံခြန္ေနာက္မွာ ဂူတကယ္႐ွိပါတယ္ဆို”

‘ငါသိပါတယ္ ၿငိမ္ၿငိမ္ေနပါ’

“ကိုယ္ရံေတာ္ယူ ဂူတကယ္႐ွိတယ္ဗ် အႀကီးႀကီးပဲ ကြၽန္ေတာ္တို႔တပ္စုေကာင္းေကာင္းစခန္းခ်လို႔ရတယ္ “

System: “ေျပာသားပဲ”

“မင္းတို႔ႏွစ္ေယာက္ စစ္သူႀကီးကိုသတင္းသြားပို႔ က်န္တဲ့သူေတြက ငါနဲ႔ဂူအေျခေနသြားေလ့လာမယ္”

“ဟုတ္ကဲ့”

ကယ္ရီတို႔ဂူထဲတြင္စခန္းခ်ေနသည္မွာ သံုးရက္ခန္႔႐ွိၿပီျဖစ္သည္

“System ဓားျပေတြနဲ႔တိုက္ရရင္ ဘယ္လိုလုပ္ရမလဲ ငါ့ကိုယ္ခံပညာမေတာက္တေခါက္ေလးနဲ႔ ပီးေတာ့ ငါလူမသတ္ရဲဘူး “

System:”Host ကလည္း တိုက္ပြဲျဖစ္ရင္ စစ္သူႀကီးကိုကာကြယ္သလိုနဲ႔ သူ႔ေနာက္သာေျပးေျပးပုန္း သူကာကြယ္လိမ့္မယ္”

“ဟီး ဟုတ္သားပဲ
မင္းေတာ္တယ္ System
ဒါနဲ႔မင္းေျပာေတာ့ ဒီဂူထဲမွာေတာင္ေပၚထိေပါက္တဲ့လမ္း႐ွိတယ္ဆို ငါ႐ွာၾကည့္တာမေတြ႔ပါဘူး “

System: “ဘယ္ေတြ႔မလဲ ဟိုေထာင့္ကေက်ာက္တံုးေတြ႔လား အဲ့တာကိုဖယ္လိုက္ရင္ လူတစ္ေယာက္စာဝင္လို႔ရတဲ့အေပါက္႐ွိတယ္ အဲ့အေပါက္ကေနသြားရမွာ”

“ေအာ္ အဲ့လိုလား “

ကယ္ရီခ်က္ခ်င္းေျပးထြက္သြားသည္
System: “Host ဘယ္သြားမလို႔လဲ”

“စစ္သူႀကီးကိုေခၚပီး ေတာင္ေပၚသြားၾကည့္မလို႔”

System: “တစ္ေယာက္တည္းမသြားရဲဘူးလား “

“သြားရဲသားပဲ တစ္ေယာက္တည္းသြားရင္ပ်င္းစရာေကာင္းမွာဆိုးလို႔”

ဝူက်န္႔လက္ေထာက္မ်ားနဲ႔စကားေျပာေနတုန္း မိမိဆီေျပးလာေသာေကာင္ေလး ဒီေကာင္ေလး အခုေနာက္ပိုင္းပိုပိုကေလးဆန္လာတယ္ စကားေျပာပံုဆိုပံုေတြလည္းေျပာင္းလာတယ္ ႏႈိင္းယွဥ္ျပရမယ္ဆိုရင္ အရင္ကယူခ်င္းက က်ားသစ္ႀကီးဆို အခုယူခ်င္းက ေၾကာင္ေပါက္ေလးနဲ႔တူတယ္။ အခုလည္းမိမိအားျပစရာ႐ွိသည္ဟုဆိုကာ ဂူအတြင္းပိုင္းထဲေခၚသြားသည္ ။ ထို႔ေနာက္ေက်ာက္တံုးႀကီးအား လက္ညႇိဳးထိုးျပကာဖယ္ခိုင္းသည္ ။ ကိုယ္ရံေတာ္ကစစ္သူႀကီးကိုျပန္ခိုင္းေနတာလားဟုေမးခြန္းထုတ္ခ်င္ေသာ္လည္း မိမိကိုယ္ကသူခိုင္းတာလိုလိုလားလားလုပ္ေပးခ်င္ေနမိသည္။ေက်ာက္တံုးႀကီးအားဖယ္လိုက္ေသာအခါ လူတစ္ကိုယ္သာဆန္႔ေသာအေပါက္တစ္ေပါက္ ဟိုေၾကာင္ေပါက္ကလည္းဘာမေျပာညာမေျပာအေပါက္ထဲသိုလွစ္ခနဲဝင္သြားသျဖင့္မိမိမွာေနာက္မွအမွီလိုက္ရသည္။

“ယူခ်င္း ဒီလမ္းကိုဘယ္လို႐ွာေတြ႔တာလည္း”

“ကြၽန္ေတာ္လည္း ပတ္ၾကည့္ရင္းနဲ႔ေတြ႔တာ ဒါေပမယ့္အဆံုးထိ​ေတာ့မသြားဖူး​ေသးဘူး အဲ့တာေၾကာင့္ စစ္သူႀကီးနဲ႔တူတူသြားရေအာင္လာေခၚတာ “

“ခဏေလး မီးတုတ္လုပ္လိုက္အံုးမယ္ ဒီတိုင္းသြားရင္ အႏာၱရယ္မ်ားတယ္”

ကယ္ရီတို႔ဂူလမ္းေၾကာင္းတိုင္းသြားရင္းနဲ႕ အေတာ္ၾကာေတာ့ အလင္းေရာင္ျပျပေလးျမင္လိုက္ရသည္ ။ ထိုအလင္းရွိရာသို႔သြားလိုက္ေတာ့ ေတာင္၏အလယ္နားရွိဂူေပါက္ဝတြင္လမ္းဆုံးသည္ ။ေအာက္သို႔ငုံ႕ၾကည့္လိုက္ေသာအခါ ခ်ိဳင့္ဝွမ္းတစ္ခု ေတာင္မ်ားပတ္ပတ္လည္တြင္ရွိေနသျဖင့္ထိုခ်ိဳင့္ဝွမ္းသည္ေတာ္႐ုံလူေတြ႕ဖို႔မလြယ္ကူေပ..သို႔ေသာ္ ဂူေပါက္မွေအာက္သို႔ဆင္းသြားပါက လွမ္းျမင္ေနရေသာ ခ်ိဳင့္ဝွမ္းသိုေရာက္သြားမည္ျဖစ္သည္

“ကြၽန္ေတာ္တို႔ျပန္လွည့္ေတာ့မလား ဆက္သြားခ်င္လား”

“ျပန္သြားၾကတာေပါ့ ေအာက္ဆင္းသြားလည္း ဘာမွရွိေတာ့တာမွမဟုတ္တာ ဂူထဲမွာတပ္သားေတြပဲက်န္ခဲ့တယ္ ျမန္ျမန္ျပန္ၾကတာေပါ့ “

‘ငါ့မွာေတာ့ေတာင္ထိပ္မ်ားေရာက္သြားမလားဆိုပီး အရဲစြန႔္လိုက္ပါတယ္ ေတာင္​ေအာက္ဆင္းတဲ့လမ္းျဖစ္ေနတယ္ ေမာတာပဲအဖက္တင္တယ္ ေျပာေတာ့ေတာင္ထိပ္ေရာက္တယ္ဆို’

System: “အစက ဒီလမ္းက​ေတာင္ထိပ္ေရာက္တဲ့လမ္းပါ ဒါေပမယ့္ ဘာလို႔ ေတာင္လယ္မွာရပ္သြားလဲေတာ့မသိဘူး”

‘မင္း virus ကိုက္ေနပီထင္တယ္ “

အမွန္တကယ္မွာ ကယ္ရီလမ္းမွားသြားျခင္းသာျဖစ္သည္ ေတာင္ထိပ္သို႔သြားေသာလမ္းမွာ တစ္စုံတစ္ေယာက္၏ပိတ္ထားျခင္းခံရၿပီး သူတို႔မွားသြားသည့္လမ္းမွာ တစ္စုံတစ္ေယာက္ ေဖာက္ထားျခင္းသာျဖစ္သည္ အကယ္၍ ကယ္ရီႏွင့္ဝူက်န႔္သာ ခ်ိဳင့္ဝွမ္းထဲသို႔ဆင္းသြားခဲ့လွ်င္ လွ်ို႔ဝွက္ဖြဲ႕စည္းထားေသာ တပ္သားမ်ား၏စုရပ္အားေတြနိုင္ေပလိမ့္မည္…

……………

“ဒီည ငါတို႔ဓားျပေတြစခန္းကိုဝင္စီးမယ္ အသင့္ျပင္ထားၾက”

ညေရာက္ေသာ္

“စခန္းဝင္စီးခံေနရပီ တိုက္ၾက”

“တိုက္….”

ႏွစ္ဖက္လံုးသူေသကိုယ္ေသတိုက္ခိုက္ေနခ်ိန္တြင္ စစ္သူႀကီးေနာက္တြင္ တိုက္ခိုက္ခ်င္ေယာင္ေဆာင္ေနေသာေကာင္ေလးတစ္ေယာက္လည္း႐ွိေနေလသည္

တပ္သားမ်ားက ဓားျပစခန္းတစ္ခုလံုးကိုပိတ္ဆို႔တိုက္ခိုက္သျဖင့္ဓားျပမ်ားတေျဖးေျဖးအေရးနိမ့္လာသည္ ဓားျပမ်ားဖက္တြင္လူသိပ္မက်န္ေတာ့ ဓားျပေခါင္းေဆာင္ျဖစ္သူသည္ စစ္သူႀကီးႏွင့္တိုက္ခိုက္လ်ွက္႐ွိသည္

“ေမာင္မင္းတို႔အညံ့ခံမယ္ဆိုရင္ အသက္ခ်မ္းသာေပးမယ္ ….ခြၽမ္း~~”

“အေရးမပါတာေတြ မေျပာနဲ႔”

ဓားျပေခါင္းေဆာင္လည္း အေျခေနမဟန္ေတာ့သျဖင့္ စစ္သူႀကီးနားတြင္႐ွိေနေသာေကာင္ေလးအားလွမ္းဆြဲတာ လည္ပင္းအားဓားျဖင့္ရြယ္ထားလိုက္သည္

“တစ္ေယာက္မွမလႈပ္နဲ႔ လက္နက္အကုန္ခ် မဟုတ္ရင္ဒီေကာင္ေလးေခါင္းျပတ္သြားမယ္”

“ယူခ်င္း” ဝူက်န္႔အလန္႔အၾကားျဖင့္ေခၚလိုက္သည္

‘Why always me???
System ငါ့ကိုသူ႔လက္ကေနလြတ္ေအာင္လုပ္ေပးလို႔ရလား’

System: “လြတ္မဲ့နည္းေတာ့ေျပာေပးလို႔ရတယ္ “

‘ဘယ္လိုမ်ိဳးလဲ ‘

System :”ဒီလိုမ်ိဳး ကြၽန္ေတာ္ျပမယ္”
System ကယ္ရီအား tutorialတစ္ပုဒ္ဖြင့္ျပလိုက္သည္

‘ေအာ္…အိုေက
ငါနားလည္သြားပီ’

ကယ္ရီ tutorial ထဲကအတိုင္း ကိုယ္ေနဟန္ထားျပင္ကာ ဟိုလူ႔လက္မွထြကိုဖို႔ုျပင္ေနစဥ္ ထေအာ္လိုက္ေသာ သေကာင့္သား

“လက္နက္ေတြခ်လို႔ငါေျပာေနတယ္ေလ ” ဓားျပေခါင္းေဆာင္အားနည္းနည္းထည့္လိုက္သျဖင့္ ကယ္ရီလည္ပင္းမွေသြးမ်ားစီးက်လာသည္

“အား” ကယ္ရီနာလြန္းသျဖင့္ညည္းသံသဲ့သဲ့ေလးထြက္လိုက္သည္

ထို႔အခါဝူက်န္႔ကျပာျပာသလဲျဖင့္ လက္နက္ေတြအကုန္ခ်စမ္းဟုဆိုကာ သူ၏လက္စြဲေတာ္ဓားအားလႊတ္ခ်လိုက္သည္ ။
စစ္သူႀကီးရဲ႕အျပဳမူေတြကိုျမင္ေသာအခါ ဓားျပေခါင္းေဆာင္က မိမိလူေရြးမွန္ကန္သြားေၾကာင္းသိလိုက္ကာ

“ေကာင္ေလး မင္းကေတာ္ေတာ္အဖိုးတန္ပါ့လားကြ ဟား..ဟား..ဟား”

“စိတ္ကူးယဥ္မေနနဲ႔” ကယ္ရီလ်ွင္လ်ွင္ျမန္ျမန္ပဲ လက္ကိုလိမ္ခ်ိဳးကာဓားအားပုတ္ထုတ္လိုက္သည္ အလိုက္သိေသာဝူက်န္႔ကလည္းဓားအျမန္ေကာက္ကာ ဓားျပေခါင္းေဆာင္အားနိဂံုးခ်ဳပ္ေပးလိုက္သည္ ။ တျခားသူမ်ားကေတာ့ မ်က္စိတစ္မွိတ္အတြင္းျဖစ္ပ်က္သြားသည္မ်ားကို အံ့ျသစြာျဖင့္ေၾကာင္ၾကည့္ေနၾကပီး စစ္သူႀကီး၏ အကုန္သတ္ပစ္ဆိုေသာစကားၾကားမွ ဓားမ်ားေကာက္ကိုင္ကာ ဆက္လက္တိုက္ခိုက္သတိရၾကသည္။

‘System ငါေလးေတာ္တယ္မလား’

System: “Host အေတာ္ဆံုးပဲ”

ကယ္ရီ Systemႏွင့္ေျပာေနတုန္း ေျပးဖက္လာသူတစ္ေယာက္

“ခ်င္းအာ ရရဲ႕လား လည္ပင္းကအရမ္းနာေနလား ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္ေၾကာင့္ျဖစ္သြားတာ ေတာင္းပန္ပါတယ္ ” ဝူက်န္႔ ယူခ်င္းအားရင္ခြင္ထဲထည့္ကာေတာင္းပန္စကားတစ္ဖြဖြဆိုေနမိသည္ ။ အရင္ကမျပတ္မသားျဖစ္ခဲ့ေသာစိတ္မ်ားကလည္း ယခုခ်ိန္မွာအတိအက်သိသြားပီျဖစ္သည္ ။ တျခားအခ်ိန္ေတြမႇာေသခ်ာမသိခဲ့ေသာ္လည္း အခုလိုဆံုး႐ွံုးရ​ေတာ့မယ္လို႔သိလိုက္ရတဲ့အခ်ိန္မွာ မိမိ၏စိတ္အားအေသအခ်ာကိုသိလိုက္ရပီ.။ဒီေၾကာင္ေပါက္ေလးအားမိမိအရမ္းခ်စ္သည္ ဒီေၾကာင္ေပါက္ေလးအားဆံုး႐ႈံးလိုက္ရလ်ွင္ မိမိအသက္ဆက္႐ွင္ႏိုင္စရာအေၾကာင္းမ႐ွိေတာ့။

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

နယ်စပ်တွင်ဓားပြများသောင်းကြမ်းမှုအကြောင်း ညီလာခံတွင်အမတ်များအကျိတ်အနှယ်ဆွေးနွေးနေကြသည်။ ဆွေးနွေးသည်ဆိုတာထက် ဟိုလူ့ပို့သင့်သည် ဒီလူ့ပို့သင့်သည်ဟုဆိုကာငြင်းခုံနေကြပြီး သူတို့ကိုယ်တိုင်တော့ သွားမနှိမ်နင်းရဲကြ။ နောက်ဆုံးတွင် မြှားဦးကစစ်သူကြီးသို့လှည့်သွားကာ အားလုံးက စစ်သူကြီးနှင့်သာသင့်တော်ကြောင်းအဆိုပြုကြသဖြင့် ဘုရင်က ဓားပြများကိုနှိမ်နင်းရန် ဝူကျန့်အားတာဝန်ပေးလိုက်သည်…

နောက်နေ့မနက်တွင် စစ်သူကြီးဝူကျန့်သည် သူ၏တပ်ဖွဲ့အားဦးဆောင်ကာ နယ်စပ်သို့ချီတက်ခဲ့လေတော့သည်။

“စစ်သူကြီး ရှေ့မှာမြင်နေရတဲ့တောအုပ်မှာဓားပြတွေစခန်းချတယ်လို့သတင်းရပါတယ်”

“ကောင်းပီ ဒါဆိုငါတို့ ဒီတောစပ်မှာစခန်းချဖို့နေရာရှာကြမယ် သိသာတဲ့နေရာမဖြစ်စေနဲ့  “

“ဟုတ်ကဲ့ စစ်သူကြီး” အားလုံးကသံပြိုင်ဖြေလိုက်သည် (အသာအော် နင့်အဖေတွေကြားသွားအုံးမယ်)

“ဒါဆိုဒီမှာခဏနားမယ် ယူချင်း မင်းကတပ်သားတစ်ချို့ခေါ်ပီးနေရာသွားရှာလိုက် “

“ဟုတ်ကဲ့ စစ်သူကြီး “
‘ခိုင်းပြန်ပီငါ့ပဲ တောထဲရောက်ရင်အခိုင်းခံရတဲ့ဝဋ်ကမကျွတ်ဘူး’

System: “ဒါအားကိုးတယ်လို့ခေါ်တယ်”

“နေရာရှာပေးအုံး”

System :”ကိုယ့်ဟာကိုယ်ရှာပါ့လား “

“ကယ်ရီလေးက မျက်စိသူငယ်နားသူငယ်နဲ့တောကြီးထဲမှာရောက်နေတာလေ အားကိုးစရာဆိုလို့ System လေးပဲရှိတာကို ” ကယ်ရီမျက်နှာငယ်လေးနဲ့ပြောလိုက်တော့ System ကဂုဏ်ယူပီတိဖြာနေတဲ့အသံဖြင့်

System: ” ဒီကနေတန်းတန်းသွားလိုက် ပြီးရင်ညာကိုကွေ့ ရေတံခွန်ကြီးတွေ့လိမ့်မယ် အဲ့နောက်မှာဂူအကြီးကြီးရှိတယ် ဂူလမ်းကြောင်းတိုင်းတက်သွားရင်တောင်ပေါ်ထိရောက်တယ်”

“အဲ့တာကြောင့် အားကိုးနေရတာ
တော်လိုက်တာ Systemက “

ကယ်ရီ System ညွှန်ပြသောရေတံခွန်သို့ရောက်သွားသောအခါ
‘လှလိုက်တာ ငါ့ဘဝမှာဒီလိုရှုခင်းမျိုးတစ်ခါမှကြည့်ဖို့အခွင့်ရေးမရခဲ့ဘူး’

“ကိုယ်ရံတော်ယူ ဒီရေတံခွန်နားမှာ စခန်းချလို့သင့်တော်ပါ့မလား”

“မင်းသွားပီး ရေတံခွန်နောက်မှာ ဂူရှိမရှိစစ်လိုက် မရှိရင်တော့ငါတို့တခြားနေရာဆက်ရှာကြတာပေါ့”

“ဟုတ်ကဲ့”

System: “ဘာလဲ ကျွန်တော်ပြောတာကိုမယုံသင်္ကာနဲ့စစ်ချင်တာလား ရေတံခွန်နောက်မှာ ဂူတကယ်ရှိပါတယ်ဆို”

‘ငါသိပါတယ် ငြိမ်ငြိမ်နေပါ’

“ကိုယ်ရံတော်ယူ ဂူတကယ်ရှိတယ်ဗျ အကြီးကြီးပဲ ကျွန်တော်တို့တပ်စုကောင်းကောင်းစခန်းချလို့ရတယ် “

System: “ပြောသားပဲ”

“မင်းတို့နှစ်ယောက် စစ်သူကြီးကိုသတင်းသွားပို့ ကျန်တဲ့သူတွေက ငါနဲ့ဂူအခြေနေသွားလေ့လာမယ်”

“ဟုတ်ကဲ့”

ကယ်ရီတို့ဂူထဲတွင်စခန်းချနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်သည်

“System ဓားပြတွေနဲ့တိုက်ရရင် ဘယ်လိုလုပ်ရမလဲ ငါ့ကိုယ်ခံပညာမတောက်တခေါက်လေးနဲ့ ပီးတော့ ငါလူမသတ်ရဲဘူး “

System:”Host ကလည်း တိုက်ပွဲဖြစ်ရင် စစ်သူကြီးကိုကာကွယ်သလိုနဲ့ သူ့နောက်သာပြေးပြေးပုန်း သူကာကွယ်လိမ့်မယ်”

“ဟီး ဟုတ်သားပဲ
မင်းတော်တယ် System
ဒါနဲ့မင်းပြောတော့ ဒီဂူထဲမှာတောင်ပေါ်ထိပေါက်တဲ့လမ်းရှိတယ်ဆို ငါရှာကြည့်တာမတွေ့ပါဘူး “

System: “ဘယ်တွေ့မလဲ ဟိုထောင့်ကကျောက်တုံးတွေ့လား အဲ့တာကိုဖယ်လိုက်ရင် လူတစ်ယောက်စာဝင်လို့ရတဲ့အပေါက်ရှိတယ် အဲ့အပေါက်ကနေသွားရမှာ”

“အော် အဲ့လိုလား “

ကယ်ရီချက်ချင်းပြေးထွက်သွားသည်
System: “Host ဘယ်သွားမလို့လဲ”

“စစ်သူကြီးကိုခေါ်ပီး တောင်ပေါ်သွားကြည့်မလို့”

System: “တစ်ယောက်တည်းမသွားရဲဘူးလား “

“သွားရဲသားပဲ တစ်ယောက်တည်းသွားရင်ပျင်းစရာကောင်းမှာဆိုးလို့”

ဝူကျန့်လက်ထောက်များနဲ့စကားပြောနေတုန်း မိမိဆီပြေးလာသောကောင်လေး ဒီကောင်လေး အခုနောက်ပိုင်းပိုပိုကလေးဆန်လာတယ် စကားပြောပုံဆိုပုံတွေလည်းပြောင်းလာတယ် နှိုင်းယှဉ်ပြရမယ်ဆိုရင် အရင်ကယူချင်းက ကျားသစ်ကြီးဆို အခုယူချင်းက ကြောင်ပေါက်လေးနဲ့တူတယ်။ အခုလည်းမိမိအားပြစရာရှိသည်ဟုဆိုကာ ဂူအတွင်းပိုင်းထဲခေါ်သွားသည် ။ ထို့နောက်ကျောက်တုံးကြီးအား လက်ညှိုးထိုးပြကာဖယ်ခိုင်းသည် ။ ကိုယ်ရံတော်ကစစ်သူကြီးကိုပြန်ခိုင်းနေတာလားဟုမေးခွန်းထုတ်ချင်သော်လည်း မိမိကိုယ်ကသူခိုင်းတာလိုလိုလားလားလုပ်ပေးချင်နေမိသည်။ကျောက်တုံးကြီးအားဖယ်လိုက်သောအခါ လူတစ်ကိုယ်သာဆန့်သောအပေါက်တစ်ပေါက် ဟိုကြောင်ပေါက်ကလည်းဘာမပြောညာမပြောအပေါက်ထဲသိုလှစ်ခနဲဝင်သွားသဖြင့်မိမိမှာနောက်မှအမှီလိုက်ရသည်။

“ယူချင်း ဒီလမ်းကိုဘယ်လိုရှာတွေ့တာလည်း”

“ကျွန်တော်လည်း ပတ်ကြည့်ရင်းနဲ့တွေ့တာ ဒါပေမယ့်အဆုံးထိ​တော့မသွားဖူး​သေးဘူး အဲ့တာကြောင့် စစ်သူကြီးနဲ့တူတူသွားရအောင်လာခေါ်တာ “

“ခဏလေး မီးတုတ်လုပ်လိုက်အုံးမယ် ဒီတိုင်းသွားရင် အန္တာရယ်များတယ်”

ကယ်ရီတို့ဂူလမ်းကြောင်းတိုင်းသွားရင်းနဲ့ အတော်ကြာတော့ အလင်းရောင်ပြပြလေးမြင်လိုက်ရသည် ။ ထိုအလင်းရှိရာသို့သွားလိုက်တော့ တောင်၏အလယ်နားရှိဂူပေါက်ဝတွင်လမ်းဆုံးသည် ။အောက်သို့ငုံ့ကြည့်လိုက်သောအခါ ချိုင့်ဝှမ်းတစ်ခု တောင်များပတ်ပတ်လည်တွင်ရှိနေသဖြင့်ထိုချိုင့်ဝှမ်းသည်တော်ရုံလူတွေ့ဖို့မလွယ်ကူပေ..သို့သော် ဂူပေါက်မှအောက်သို့ဆင်းသွားပါက လှမ်းမြင်နေရသော ချိုင့်ဝှမ်းသိုရောက်သွားမည်ဖြစ်သည်

“ကျွန်တော်တို့ပြန်လှည့်တော့မလား ဆက်သွားချင်လား”

“ပြန်သွားကြတာပေါ့ အောက်ဆင်းသွားလည်း ဘာမှရှိတော့တာမှမဟုတ်တာ ဂူထဲမှာတပ်သားတွေပဲကျန်ခဲ့တယ် မြန်မြန်ပြန်ကြတာပေါ့ “

‘ငါ့မှာတော့တောင်ထိပ်များရောက်သွားမလားဆိုပီး အရဲစွန့်လိုက်ပါတယ် တောင်​အောက်ဆင်းတဲ့လမ်းဖြစ်နေတယ် မောတာပဲအဖက်တင်တယ် ပြောတော့တောင်ထိပ်ရောက်တယ်ဆို’

System: “အစက ဒီလမ်းက​တောင်ထိပ်ရောက်တဲ့လမ်းပါ ဒါပေမယ့် ဘာလို့ တောင်လယ်မှာရပ်သွားလဲတော့မသိဘူး”

‘မင်း virus ကိုက်နေပီထင်တယ် “

အမှန်တကယ်မှာ ကယ်ရီလမ်းမှားသွားခြင်းသာဖြစ်သည် တောင်ထိပ်သို့သွားသောလမ်းမှာ တစ်စုံတစ်ယောက်၏ပိတ်ထားခြင်းခံရပြီး သူတို့မှားသွားသည့်လမ်းမှာ တစ်စုံတစ်ယောက် ဖောက်ထားခြင်းသာဖြစ်သည် အကယ်၍ ကယ်ရီနှင့်ဝူကျန့်သာ ချိုင့်ဝှမ်းထဲသို့ဆင်းသွားခဲ့လျှင် လျှို့ဝှက်ဖွဲ့စည်းထားသော တပ်သားများ၏စုရပ်အားတွေ့နိုင်ပေလိမ့်မည်…

……………

“ဒီည ငါတို့ဓားပြတွေစခန်းကိုဝင်စီးမယ် အသင့်ပြင်ထားကြ”

ညရောက်သော်

“စခန်းဝင်စီးခံနေရပီ တိုက်ကြ”

“တိုက်….”

နှစ်ဖက်လုံးသူသေကိုယ်သေတိုက်ခိုက်နေချိန်တွင် စစ်သူကြီးနောက်တွင် တိုက်ခိုက်ချင်ယောင်ဆောင်နေသောကောင်လေးတစ်ယောက်လည်းရှိနေလေသည်

တပ်သားများက ဓားပြစခန်းတစ်ခုလုံးကိုပိတ်ဆို့တိုက်ခိုက်သဖြင့်ဓားပြများတဖြေးဖြေးအရေးနိမ့်လာသည် ဓားပြများဖက်တွင်လူသိပ်မကျန်တော့ ဓားပြခေါင်းဆောင်ဖြစ်သူသည် စစ်သူကြီးနှင့်တိုက်ခိုက်လျှက်ရှိသည်

“မောင်မင်းတို့အညံ့ခံမယ်ဆိုရင် အသက်ချမ်းသာပေးမယ် ….ချွမ်း~~”

“အရေးမပါတာတွေ မပြောနဲ့”

ဓားပြခေါင်းဆောင်လည်း အခြေနေမဟန်တော့သဖြင့် စစ်သူကြီးနားတွင်ရှိနေသောကောင်လေးအားလှမ်းဆွဲတာ လည်ပင်းအားဓားဖြင့်ရွယ်ထားလိုက်သည်

“တစ်ယောက်မှမလှုပ်နဲ့ လက်နက်အကုန်ချ မဟုတ်ရင်ဒီကောင်လေးခေါင်းပြတ်သွားမယ်”

“ယူချင်း” ဝူကျန့်အလန့်အကြားဖြင့်ခေါ်လိုက်သည်

‘Why always me???
System ငါ့ကိုသူ့လက်ကနေလွတ်အောင်လုပ်ပေးလို့ရလား’

System: “လွတ်မဲ့နည်းတော့ပြောပေးလို့ရတယ် “

‘ဘယ်လိုမျိုးလဲ ‘

System :”ဒီလိုမျိုး ကျွန်တော်ပြမယ်”
System ကယ်ရီအား tutorialတစ်ပုဒ်ဖွင့်ပြလိုက်သည်

‘အော်…အိုကေ
ငါနားလည်သွားပီ’

ကယ်ရီ tutorial ထဲကအတိုင်း ကိုယ်နေဟန်ထားပြင်ကာ ဟိုလူ့လက်မှထွက်ဖို့ပြင်နေစဉ် ထအော်လိုက်သော သကောင့်သား

“လက်နက်တွေချလို့ငါပြောနေတယ်လေ ” ဓားပြခေါင်းဆောင်အားနည်းနည်းထည့်လိုက်သဖြင့် ကယ်ရီလည်ပင်းမှသွေးများစီးကျလာသည်

“အား” ကယ်ရီနာလွန်းသဖြင့်ညည်းသံသဲ့သဲ့လေးထွက်လိုက်သည်

ထို့အခါဝူကျန့်ကပြာပြာသလဲဖြင့် လက်နက်တွေအကုန်ချစမ်းဟုဆိုကာ သူ၏လက်စွဲတော်ဓားအားလွှတ်ချလိုက်သည် ။
စစ်သူကြီးရဲ့အပြုမူတွေကိုမြင်သောအခါ ဓားပြခေါင်းဆောင်က မိမိလူရွေးမှန်ကန်သွားကြောင်းသိလိုက်ကာ

“ကောင်လေး မင်းကတော်တော်အဖိုးတန်ပါ့လားကွ ဟား..ဟား..ဟား”

“စိတ်ကူးယဉ်မနေနဲ့” ကယ်ရီလျှင်လျှင်မြန်မြန်ပဲ လက်ကိုလိမ်ချိုးကာဓားအားပုတ်ထုတ်လိုက်သည် အလိုက်သိသောဝူကျန့်ကလည်းဓားအမြန်ကောက်ကာ ဓားပြခေါင်းဆောင်အားနိဂုံးချုပ်ပေးလိုက်သည် ။ တခြားသူများကတော့ မျက်စိတစ်မှိတ်အတွင်းဖြစ်ပျက်သွားသည်များကို အံ့သြစွာဖြင့်ကြောင်ကြည့်နေကြပီး စစ်သူကြီး၏ အကုန်သတ်ပစ်ဆိုသောစကားကြားမှ ဓားများကောက်ကိုင်ကာ ဆက်လက်တိုက်ခိုက်သတိရကြသည်။

‘System ငါလေးတော်တယ်မလား’

System: “Host အတော်ဆုံးပဲ”

ကယ်ရီ Systemနှင့်ပြောနေတုန်း ပြေးဖက်လာသူတစ်ယောက်

“ချင်းအာ ရရဲ့လား လည်ပင်းကအရမ်းနာနေလား ကိုယ်တောင်းပန်ပါတယ် ကိုယ်ကြောင့်ဖြစ်သွားတာ တောင်းပန်ပါတယ် ” ဝူကျန့် ယူချင်းအားရင်ခွင်ထဲထည့်ကာတောင်းပန်စကားတစ်ဖွဖွဆိုနေမိသည် ။ အရင်ကမပြတ်မသားဖြစ်ခဲ့သောစိတ်များကလည်း ယခုချိန်မှာအတိအကျသိသွားပီဖြစ်သည် ။ တခြားအချိန်တွေမှာသေချာမသိခဲ့သော်လည်း အခုလိုဆုံးရှုံးရ​တော့မယ်လို့သိလိုက်ရတဲ့အချိန်မှာ မိမိ၏စိတ်အားအသေအချာကိုသိလိုက်ရပီ.။ဒီကြောင်ပေါက်လေးအားမိမိအရမ်းချစ်သည် ဒီကြောင်ပေါက်လေးအားဆုံးရှုံးလိုက်ရလျှင် မိမိအသက်ဆက်ရှင်နိုင်စရာအကြောင်းမရှိတော့။

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 2.7(ယူခ်င္း), novel System 286 (On Going) Arc 2.7(ယူခ်င္း), read System 286 (On Going) Arc 2.7(ယူခ်င္း) online, System 286 (On Going) Arc 2.7(ယူခ်င္း) chapter, System 286 (On Going) Arc 2.7(ယူခ်င္း) high quality, System 286 (On Going) Arc 2.7(ယူခ်င္း) light novel, ,

Comment

Leave a Reply

Chapter 30